ကျောက်သင်္ဘောစေတီ

Listing Description

ကျောက်သင်္ဘောစေတီသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၏ အရှေ့ဘက် ရွှေသာလျောင်းတောင်တက်လမ်း တစ်နေရာ(လမ်းခုလပ်)တွင် တည်ရှိပါသည်။ သဘာဝအတိုင်းဖြစ်ပေါ်နေသော သင်္ဘောပုံသဏ္ဌာန် ကျောက်ပြသာဒ်ပေါ်တွင် တည်ထားသော စေတီဖြစ်ပါသည်။ ထို့ပြင် ကျောက်သင်္ဘောပုံစံဖြင့် ဆောက်လုပ်ထားသော ကျောင်းဆောင်ထဲတွင် ကျောက်သင်္ဘောဆရာတော်ကြီး ဘဒ္ဒန္တကေသဝ၏ ဓာတ်တော်များနှင့် ကျောင်းတိုက်တွင် သီတင်းသုံး တရားအားထုတ်ကြသည့် ဆရာတော်ကြီးများ၏ ပျံလွန်တော်မူပြီး ကြွင်းကျန်သော ဓာတ်တော်များကို ဖူးမြော်မြင်တွေ့ရပါမည်။ ကျောက်သင်္ဘောဓမ္မရိပ်သာ ပရိဝုဏ်အတွင်းတွင်လည်း ထိုင်တော်မူ အဘယမုဒြာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တစ်ဆူကိုလည်း ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါသည်။