နည်းပညာတက္ကသိုလ်(ကျောက်ဆည်)

Listing Description

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့ပတ်လမ်းတွင် တည်ရှိပါသည်။ တက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရနည်းပညာအင်စတီကျု (GTI) အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်ဇန်နဝါရီလတွင် GTI မှ အစိုးရနည်းပညာကောလိပ် (GTC) သို့ ပြောင်းလဲခဲ့ပါသည်။ အစိုးရနည်းပညာကောလိပ်ကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်သို့ အဆင့်မြှင့်တင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မတိုင်မီအထိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်တွင် တည်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပေးအပ်သောဘွဲ့များမှာ အင်ဂျင်နီယာဘွဲ (Bachelor of Engineer)၊ မဟာအင်ဂျင်နီယာဘွဲ့(Master of Engineering) တို့ဖြစ်ပါသည်။