ကျောက်သေတ္တာစေတီ

Listing Description

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ စုကြီးရပ်ကွက်နယ်နိမိတ်အတွင်း တည်ရှိသည့် ကျောက်သေတ္တာစေတီတော်သည် ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်၏ မူလဒါယကာမှာ ပထမအင်းဝခေတ် မင်းကြီးစွာစော်ကဲဖြစ်ပြီး စေတီတော်ကို ရွှေသာလျောင်းတောင်စောင်းတွင် သဘာဝအတိုင်းတည်ရှိသော သေတ္တာသဏ္ဌာန်ကျောက်တုံးကြီးပေါ်၌ ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါသည်။ ရိုးရှင်းသော စေတီတော်ပုံသဏ္ဌာန်ဖြစ်သော်လည်း ဖိနပ်တော်အောက်ခြေမှ ထုထည်ကြီးမားသော သေတ္တာပုံသဏ္ဌာန်ကျောက်တုံးကြီးကြောင့် ကျောက်ဆည်တနယ်လုံးတွင်သာမက တနိုင်ငံလုံး၌ထူးခြားသော ကျောက်သေတ္တာစေတီအဖြစ် ထင်ရှားလှပါသည်။