ကမ္ဘာမှာ ဂင်းနစ်စံချိန်တင်တော့မည် ကျောက်ဆည်မြို့က လက်ပံပင်ကြီး

Listing Description

မြန်မာမှာသာမက ကမ္ဘာမှာပါ ဂင်းနစ်စံချိန်တင်မည့် လက်ပံပင်ကြီးသည် ကျောက်ဆည်မြို့နယ် သံရွာအုပ်စု သံနောက်ရွာ (တောင်ကြီးသွားလမ်းဘေး) တွင် တည်ရှိပါသည်။ ယင်းလက်ပံပင်ကြီးသည် ပင်စည် ၇၉ ပေ ၁၀ လက်မရှိပြီး အမြင့်ပေ ၂၉၀ ပေ ရှိပါသည်။ (ရန်ကုန်ရှိ သစ်ပုတ်ပင်ကြီး၏ ပင်စည်မှာ ၅၆ ပေသာ ရှိပါသည်။) ယင်းလက်ပံပင်ကြီးမှာ ပြည်တွင်း၊ ပြည်ပ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာတစ်နေရာဖြစ်ပါသည်။