လေးတပ်ဗိုလ်ဘုရား

Listing Description

ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ (၇၈) လမ်း (ရန်ကုန်-မန္တလေးကားလမ်း) ဘေးတွင် တည်ရှိသည်။ သာယာဝတီမင်းလက်ထက် လေးတပ်ဗိုလ်က တည်ထားကိုးကွယ်ခဲ့သဖြင့် လေးတပ်ဗိုလ်ဘုရားဟု ဘွဲ့အမည်တွင်သည်။ သာယာဝတီမင်း၏ အမိန့်တော်အရ ပြည်မင်းသားကို လိုက်လံဖမ်းဆီးရာ၌ တာဝန်ယူ ဖမ်းဆီးပေးရသူမှာ လေးတပ်ဗိုလ်ဖြစ်သည်။