ဗောင်းတော်ချုပ်ဘုရား (မင်္ဂလာကန်ပေါ်အေးစေတီ)

Listing Description

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ ဗောင်းတော်ချုပ်ဘုရားသည် စပါးကြီး၊ စပါးအုံးမြွေကြီးများစွာ ဘုရားပရဝုဏ်အတွင်းတည်ရှိနေသောကြောင့် ဗောင်းတော်ချုပ်မြွေဘုရားဟု ထင်ရှားပါသည်။ ဗောင်းတော်ချုပ်ဆရာတော်ကြီးမှ ဦးဆောင်၍ ခုနှစ်ရက်သားသမီး စိတ်ဝေဒနာရှင်များကို ရောဂါကုသပေးရင်းဖြင့် ကံဝဋ်ကြွေးကုန်ဆုံးစေရန် ရည်မှန်းလျက် ၁၉၈၂ ခုနှစ်ခန့်တွင် မင်္ဂလာကန်ပေါ်အေးစေတီတော် တည်ထားခဲ့ပါသည်။