မဟာစေတီလှဘုရား

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အရှေ့မြောက်ဘက်၊ သာစည်ကျေးရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၅၅၈ ခုနှစ်တွင် နရပတိစည်သူမင်းကြီးက တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားပိုင်ဝတ္တကနယ်မြေအဖြစ် အရပ်လေးမျက်နှာရှိ ကျေးရွာပေါင်း ၆၄ ရွာ သတ်မှတ်ပေးခဲ့သည်။ ဘုရားပွဲတော်အား တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဝါကျွတ်ပွဲတော်တို့ကို ထိုကျေးရွာပေါင်း ၆၄ ရွာမှ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ စေတီတော်အနီးတွင် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်က ငလျင်ဒဏ်ကြောင့် မြေခခဲ့သော ပထမငှက်ပျောဖူးတော်နှင့် ပုဂ္ဂိုလ်ထူးတစ်ဦးက သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် ညတွင်းချင်းအပြီး တည်သွားသော စေတီငယ်တစ်ဆူကို ဖူးတွေ့နိုင်ပါသည်။