မယ်လိုဒီ

Listing Description

သရုပ်ဆောင်နှင့် အဆိုတော် မယ်လိုဒီကို ၁၉၈၂ ခု၊ စက်တင်ဘာလ ၆ ရက်တွင် တွံတေး၌ မွေးသည်။ အမည်ရင်းမှာ ခင်မျိုးအိ ဖြစ်သည်။

၂၀၁၁ ခု၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ရသည်။

သာကောင်းနှင့် ၂၀၁၄ ခု၊ ဖေဖော်ဝါရီလ၌ လက်ထပ်ရာ သားဦး သိဒ္ဓိစစ် ကို ၂၀၁၅ ခု၊ ဧပြီလ ၄ ရက်တွင် မွေးသည်။