ကျိုက်ကေသာဆံတော်ကြိုစေတီ

Listing Description

ကျိုက်ကေသာဆံတော်ကြိုစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကဘင်းရွာတွင် တည်ရှိပါသည်။ ယင်းကဘင်းရွာသည် တဖုဿ ဘလ္လိကညီနောင်တို့၏ ဇာတိဖြစ်သော ပေါက္ခရဝတီမြို့ဟောင်း ဟုလည်း သိရပါသည်။ စေတီတော်ပရဝုဏ်တွင် တည်ရှိသော မော်ကွန်းကဗ္ဗည်းစာအရ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူသည် ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ တဖုဿနှင့် ဘလ္လိကတို့က မိမိတို့ဇာတိရွာ၊ ပေါက္ခရဝတီမြို့ဦးထိပ်တွင် နဝမမြောက်ဆံတော်ကြို ကျိုက်ကေသာစေတီကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးတွင် ချုံနွယ်များအကြား ညိုးငယ်စွာစံပယ်တော်မူခဲ့ရသော ကျိုက်ကေသာဆံတော်ကြိုစေတီ အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တပညာဒီပ(ကျိုက်ထီးဆောင်းဆရာတော်)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာဂဒီပကြီးကြပ်၍ ဇေကမ္ဘာမိသားစုမှ ပဓာန ဒါယကာအဖြစ်ခံယူပြီး ပြန်လည်တည်ဆောက်ကိုးကွယ်ခဲ့ကြရာ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက် ၊တနင်္ဂနွေနေ့တွင် စေတီတော်အား ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ စိန်ဖူးတော်များ ဆက်ကပ်တင်လှူပူဇော်ပြီးမြောက်ခဲ့ပါသည်။