တွံတေးရှေးဟောင်းစဉ့်ဖိုများ

Listing Description

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံစဉ့်အသင်းတို့ ပူးပေါင်း၍ ၁၉၉၉ ခုနှစ်က တူးဖော်ထိန်း သိမ်းထားသော တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာသန်း-ဒေါ်ညွန့်ရီခြံအတွင်း၌ ရှေးဟောင်းစဉ့်ဖိုအမှတ် (၁) နှင့် စဉ့်ဖိုအမှတ်(၂) ဟူ၍ အမွှာညီနောင်ဖို နှစ်ဖိုနှင့် ဘုရားကြီးကျေးရွာ၌ စဉ့်ဖို(၁)ဖို စုစုပေါင်းသုံးခုတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ရာ အေဒီ ၁၅ ရာစုခန့်က ရှေးဟောင်းစဉ့်ဖိုများအဖြစ် မှတ်တမ်းတင် ထားရှိပြီး ယခုအခါ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် သမိုင်းပညာရှင်များ၊ စဉ့်ပညာရှင်များနှင့် အများပြည်သူလေ့လာနိုင်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံစဉ့်အသင်းတို့ ပူးပေါင်း၍ တွံတေးမြို့ ညောင်တံခါးကျေးရွာတွင် စဉ့်သုတေသနပြတိုက်ကို တည်ဆောက်ပြီး ရှေးဟောင်း စဉ့်ဖိုများမှ ရှာဖွေတူးဖော်တွေ့ရှိသော စဉ့်အိုးများ၊ အိုးခြမ်းကွဲများကို ထိန်းသိမ်းပြသထားကြောင်း သိရသည်။