ကျိုက်သလဲ(CBT)ကျေးရွာ

Listing Description

တရားဝင်အသိအမှတ်ပြု ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း CBT (Community Based Tourism) ဖော်ဆောင်ထားသော ကျိုက်သလဲကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ကော့မှူး-ကွမ်းခြံကုန်းသွားလမ်းပေါ်တွင် တည်ရှိပါသည်။ ကျေးရွာများအတွင်း နေထိုင်သူများ၏ နေ့စဉ်လူမှုဘဝများ၊ နေထိုင်စားသောက်ပုံများအတိုင်း နေထိုင်နိုင်ပြီး တည်းခိုအိမ်များ၏ ရှေ့မြေကွက်လပ်များတွင်လည်း သီးပင်စားပင်များကို ကိုယ်တိုင်ဝင်ရောက်စိုက်ပျိုးနိုင်ပါသည်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရန်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာတန်ဘိုး၊ အမွေအနှစ်နှင့် သဘာဝအရင်းအမြစ်များကို အကာအကွယ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးရင်း ဒေသခံများ၏ လူနေမှုဘဝ သာယာဝပြောရေးကို အကျိုးပြုနိုင်သည့် ရပ်ရွာအဆင့်တွင် တည်ထောင်ထားရှိသော ကိုယ်တိုင်လည်ပတ်၊ စီမံ၊ ဆွေးနွေးပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပါသည်။