ဂူဗိဇပ်ကြီးဘုရား

Listing Description

ဂူဗိဇပ်ကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ရွှေထီးဆောင်းဘုရားမြောက်ဘက်၊ ယွန်းပညာကောလိပ်သွားလမ်းအနောက်ဘက်၌ တည်ရှိပါသည်။ ဘုရားတည်ဆောက်မှုလက်ရာ၊ နံရံဆေးရေးလက်ရာနှင့် အင်္ဂတေပန်းလက်ရာရုပ်ကြွများအပြင် ဆင်းတုတော်အချိုးအစား၊ လောကနာထနတ်နှစ်ပါးတည်ရှိပုံတို့အရ ကျန်စစ်သားမင်းကြီးလက်ထက်တွင် တည်ထားခဲ့သည်ဟု ပညာရှင်များက ခန့်မှန်းကြပါသည်။ ဂူဗိဇပ်ကြီးဘုရား၏ ထူးခြားမှုတစ်ခုမှာ မြေအောက် ငါးပေခန့်အနက်တွင် တည်ထားသည်ကိုတွေ့ရပြီး ဂူဗိဇပ်ကြီးအနောက်ဘက်ရှိ ဂူဗိဇပ်ငယ်ဘုရားကိုလည်း မြေအောက်အနက်၌ တည်ထားခဲ့ပုံကို တွေ့မြင်လေ့လာနိုင်ပါသည်။