ဖက်ယားကြီးဆံတော်ကြိုဘုရား

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့မှ ၄ မိုင်ခန့်အကွာ၊ ဖက်ယားကြီး (ဖလကြီး)ရွာတွင် တည်ရှိသည်။ ဖက်ယားပင်များ ပေါက်ရောက်ရာအရပ်တွင် တည်သောကြောင့် ဖက်ယားကြီးဆံတော်ကြိုဘုရားဟု ဘွဲ့အမည်ခေါ်ဆိုကြသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ ဖက်ယားကြီးဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။