ဘိုးဘိုးအောင်ဘုရား (ပန်းပေါင်းဆင်းတု)

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္လာထောင့် ထီးတော်စေတီနှစ်ဆူ၏ အရှေ့ဘက်၊ ပျော်ဘွယ် ဦးဘိုးလှတန်ဆောင်း ဘယ်ဘက်တွင် ရှိသည်။ ဂူဘုရားပင် ဖြစ်သည်။ အောက်ခြေ၌ ကြာပွင့်ခံ၍ တည်ထားသော ဆင်းတုတော် ဖြစ်သည်။ ဂူအတွင်းတွင် အနောက်ဘက်သို့ မျက်နှာပြုလျက်ရှိသော တင်ပျဉ်ခွေ ဆင်းတုတော် ဖြစ်သည်။ ဘိုးဘိုးအောင်နှင့် မယ်တော်ဖြစ်သူ မယ်ငြိမ်းရာတို့ တည်ခဲ့သည်။ ပန်းပေါင်းစုံကြိတ်၍ စီရင်သော ပန်းပေါင်းဆင်းတု ဖြစ်သည်။ အောက်ခြေတွင် ကြာပန်းခံသည်။ ထိုဂူအတွင်း မတ်ရပ်ဆင်းတု ၂ ဆူနှင့် တင်ပျဉ်ခွေဆင်းတု ၄ ဆူသည်လည်း လက်ဝဲလက်ယာတွင် ရှိကြ၏။ ထိုဆင်းတုတို့သည်လည်း ကြာပွင့်ခံသော ဆင်းတုတော်များ ဖြစ်ကြသည်။