ကျောက်မောင်းတောင်စေတီ

Listing Description

ကျောက်မောင်းတောင်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့မှ ၁၁ မိုင်ခန့်အကွာ၊ သဲချောင်းကျေးရွာအနီး တောင်ပေါ်ရှိ မြင့်မားသော ကျောက်တောင်ကြီးထိပ်တွင် တည်ရှိပါသည်။ စေတီတော် တည်ထားရာတောင်သည် တစ်ဖက်မြေသားဖြစ်၍ အခြား တစ်ဖက်တွင် အလွန်မြင့်မားသည့် ကျောက်သားစစ်စစ် ကျောက်တောင်ကြီးဖြစ်နေခြင်း၊ ကျောက်ငုတ်တိုတစ်ခု အတွင်းမှ ထွက်ပေါ်လာသော မောင်းသံ၊ ဗြောသံ၊ စည်သံများ ထူးခြားစွာကြားရခြင်းတို့ကြောင့် ကျောက်မောင်းတောင်စေတီတော်ဟု ခေါ်ဆိုကြသည်ဟု သိရပါသည်။ စေတီတော် တည်ထားရာ ကျောက်တောင်ကြီးပေါ်တွင် ရဟန္တာပုံတော်၊ ဘိုးဘိုးကြီး ပုံတော်၊ သိုက်နန်းမယ်တော်ကြီးနှင့် သမီးတော်ပုံများ၊ အစောင့်အရှောက်ပုံတော်ဖြစ်သည့် ကျောက်ဝက်၊ ကျောက်ဘီလူး ကျောက်ကျား၊ ကျောက်သရဲစသည့် ထူးခြားသည့်ပုံတော်များရှိပြီး ဘုရားစေတီပုထိုးများမှာ လည်း အဆူပေါင်း ၆၀ ကျော် တည်ထားကိုးကွယ်ထားရှိပါသည်။