နွဲ့ယဉ်ဝင်း

Listing Description

၁၉၄၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အဖ ဦးမင်းဆွေ (ဦးဝင်းမောင်)နှင့် အမိ ဒေါ်တင်တင်လှ (ဂတ်တီ) တို့မှ စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ငါးယောက်အနက် အကြီးဆုံးသမီးဖြစ်ပြီး အမည်ရင်း ဂျိုက်စ်ဝင်းဖြစ်သည်။ St. Francis Girls' School (ယခု အ.ထ.က (၄) တာမွေ) နှင့် St. Philomena's Convent High School (ယခု အ.ထ.က (၂) စမ်းချောင်း) တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အင်္ဂလိပ်မေဂျာဖြင့် ဘွဲ့ရရှိခဲ့သည်။

တက္ကသိုလ် ဒုတိယနှစ်ခန့်တွင် ဂီတစာဆို ကိုမြတ်လင်းရေးသော “ပန်းကမ္ဘာမျှော်စင်” သီချင်းစဆို၍ ဂီတလောကသို့ရောက်ရှိလာခဲ့သည်။ ထိုသီချင်းဖြင့် အောင်မြင်လာပြီးနောက်တွင် “ချစ်သူတို့ ဘဝဝယ်”။ “တစ်လုံးနှစ်လုံး စာစီကုံး”၊ “မေတ္တာပန်းများ ချွေခူးထား တယ်”၊ “မောင်မောင့် အပေါ်ထားတဲ့ မေတ္တာ”၊ “ရွှေလှေခါးလေး ခင်းပေးမယ်” စသည့် ရေဒီယို တေးသီချင်းများ ထွက်ရှိလာပြီး ပို၍ နာမည်ကြီးလာခဲ့သည်။

၁၉၇၂ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၄ ယောက်ထွန်းကားခဲ့သည်။ သမီးဖြစ်သူ သံသာဝင်းသည်လည်း အောင်မြင်သော အဆိုတော်တစ်ယောက်ဖြစ်သည်။

Melody Word (သံစဉ်များနှင့်ကမ္ဘာ) သီချင်းဆိုပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီးအယ်လ်ဘမ်အချို့ -

အချစ်ဆိုတာ (၁၉၈၁)

ဂျက်ပစီအချစ် (၁၉၈၂)

ရွှေသရဖူသီချင်းများ (၁၉၈၂)

နွဲ့ယဉ်ဝင်းသီချင်းများ (၁၉၈၃)

အန္တရာယ် (၁၉၉၃)

မနဲ့မောင် (အကောင်းဆုံးတေးများ) (၁၉၉၇)

ရွှေပင်လယ်နဲ့ အကောင်းဆုံးတေးများ) (၂၀၀၀)

နှစ် ၄၀ ခရီး …. အရှိအတိုင်း (၂၀၀၅)

သီချင်းမရှိရင် အချစ်မရှိ (၂၀၁၀)