ငါးထပ်ကြီးဘုရား (စစ်ကိုင်း)

Listing Description

ငါးထပ်ကြီးဘုရားသည် စစ်ကိုင်း အနောက်ဖက်တွင် တည်ရှိပြီး ၁၆၅၇ ခုနှစ်တွင် ပင်းတလဲမင်းက ကောင်းမှုပြုတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။ စေတီ၏ ဉာဏ်တော် ၂၈ တောင် အမြင့်ဆောင်သော ရုပ်ပွားတော်မြတ်ကို ပြဿဒ်(၅)ဆင့်၊ ပလ္လင်(၅)ထပ်၊ ဌာပနာ(၅)ရပ်၊ အထပ်(၅)ထပ်၊ ပွဲတော်(၅)ရက်၊ မြေ(၅)ပါယ်တွင် ဝိုင်းပတ်၍ ဘွဲ့တော်မှာ ဝေဠုဝန်တောကြီးတွင် တည်ထားသည့်အတွက် "ဝေဠုဝန်ငါးထပ်ကြီးမြတ်စွာဘုရား" ဟူ၍ အမည်တွင်ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၃ ရက်နေ့မှ ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပပါသည်။