ရွှေမော်ဓောဘုရား

Listing Description

ရွှေမော်ဓောဘုရားသည် ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ရွှေမော်ဓောကုန်းတော်တွင်တည်ရှိသည့် ပဲခူးမြို့၏ အထင်ရှားဆုံး သာသနိက အမွေအနှစ် ဖြစ်ပါသည်။ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ရေးထိုးခဲ့သော မော်ဓောသမိုင်းပါဠိကျောက်စာအရ သထုံမင်းစူဠသီရိမာသောကသည် သာသနာနှစ် ၂၃၇ ခုနှစ်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာတည်ပြီး မဓဝါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် လှူဒါန်းခဲ့ပါသည်။ မွန်လူမျိုးများ တည်ထားကိုးကွယ်ခဲ့သော စေတီတော်သုံးဆူထဲတွင် ရွှေတိဂုံစေတီတော်သည် သပ္ပါယ်ဆုံး၊ ရွှေမော်ဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်ပါသည်။ ရွှေမော်ဓောစေတီသည် ငလျင်ကြောပေါ်တွင် တည်ခဲ့သဖြင့် ၃၂ ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်ခံနိုင်သော  သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့ပြီး ဉာဏ်တော် ၃၇၃ ပေ ၉ လက်မ အမြင့်ရှိပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-09-06 14:36:28

🙏

မြန်မာနိုင်ငံ၏ ဉာဏ်တော်အမြင့်ဆုံး စေတီတော် ဖြစ်သော ရွှေမော်ဓောစေတီတော်ကို ဖူးမြော်နိုင်သည်။