ယိုးဒယားမဟာသိမ်တော်ကြီး

Listing Description

ယိုးဒယားမဟာသိမ်တော်ကြီး သည် စစ်ကိုင်းမြို့၊ လင်းဇင်းရပ်၊ ငါးထပ်ကြီးမြတ်စွာဘုရား ၏တောင်ဘက်တွင် တည်ရှိပါသည်။ ယိုးဒယား(ထိုင်း)ရှေးလက်ရာ နံရံဆေးရေးပန်းချီများ ရှိပါသည်။ အဘယ့်ကြောင့် ယိုးဒယားသိမ်ဟု အမည်တွင်ရခြင်းကို သိမ်အတွင်းရှိ နံရံ‌ဆေးရေးပန်းချီများက ထောက်ခံလျှက်ရှိနေပါသည်။ သက်တမ်းအားဖြင့် နှစ် ၂၀၀ ကျော်ခန့်ရှိ မည်ဟု ပညာရှင်များမှ သုံးသပ်ထားပါသည်။