ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်

Listing Description

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စစ်ကိုင်းမြို့မှ ၂၂ မိုင် ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက် ၄ မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၄.၃ ဟက်တာ(သို့မဟုတ်) ၃၈၁.၆ဧက ရှိသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးသိပ္ပံ အဖြစ် ၂ဝ-၁ဝ-၁၉၆၄ ရက်နေ့တွင် စစ်ကိုင်းမြို့၌ စတင်တည် ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၉/၉၁)ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့သည်။