အောင်ဇေရန်အောင်စေတီ

Listing Description

အောင်ဇေရန်အောင်စေတီတော်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားလေဆိပ်အနီး အောင်ဇေရန်အောင် တပ်ဦးကျောင်းတိုက်အတွင်း တည်ရှိပါသည်။ ကျောင်းဝန်းအတွင်းတွင် ဗုဒ္ဓဘုရားရှင်နှင့် ရဟန်းန္တာငါးရာ ဆွမ်းခံကြွလာသည့်ရုပ်တုပုံများ နှင့် ဗုဒ္ဓဆင်းတုတော်ပေါင်းများစွာ တည်ရှိပါသည်။ သပြေတစ်ထောင်အောင်ဇေရန်အောင်ဘုရားဟု ထင်ရှားပါသည်။ အောင်ဇေရန်အောင်စေတီနှင့် ကပ်လျက်တွင် ပုဂံခေတ်လက်ရာကဲ့သို့ တည်ထားသော လောကအေးချမ်းစေတီတစ်ဆူ တည်ရှိပါသည်။