Geis Memorial Church

Listing Description

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Geis Memorial Church သည် မြစ်ကြီးနားမြို့တွင် ထင်ရှားသည့် ဘုရားကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်း ဘုရားကျောင်းကို ၁၉၀၀ ပြည့်နှစ်တွင် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု George J. Geis နှင့် သူ၏ ဇနီး တို့မှ တည်ဆောက်ထားခဲ့ပြီး ဘုရားကျောင်းကို Geis Memorial Church ဟု အမည်‌ပေးခဲ့ပါသည်။ လက်ရှိကာလတွင်လည်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptish Convention) ဌာနချုပ် တည်ရှိရာဖြစ်သည်။ ဘုရားကျောင်း၏ နံရံများကို ကျောက်တုံးများဖြင့် လှပသေသပ်စွာတည်ဆောက်ထားပါသည်။