ရဝေအောင်

Listing Description

၁၉၇၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အဖ ဦးသန်းထွန်းနှင့် အမိ ဒေါ်ခင်မေကြည်တို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်၏ မြေးဖြစ်သည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ရူပဗေဒဘွဲ့ရရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် သူသည် ဓာတ်ပုံမော်ဒယ်လ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများတွင် ပါဝင်ခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ်တွင် တင်မိုးလွင် ၏ မော်ဒယ်လေ့ကျင့်ရေးအေဂျင်စီ Talent & Models တွင် တက်ရောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သူသည် ပြက္ခဒိန်များ၊ စီးပွားရေးကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။ “တစ်ခါက ဧရာဝတီညများ” ဇာတ်ကားတွင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ မေသန်းနုတို့နှင့်အတူတွဲဖက်၍ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဒုတိယမြောက် ဇာတ်ကား “သမီးမိုက်” တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့သည်။ ဤမှန်သောသစ္စာစကားကြောင့်၊ မြစ်နှစ်စင်းရဲ့ပင်လယ်၊ မျက်ရည်တံခါး၊ မမ မောင်မောင် မို့မို့၊ တံငါရွာပုံပြင်၊ ငွေဗျိုင်းဖြူ၊ ရွှေအိုး၊ သိမ်မွေ့၊ မွေးရှင်၊ ရွှေပြည်သူ၊ မိခင်၊ ဗုံးပေါလအော စသည့် ဇာတ်ကားကောင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။