ရွှေဆေးခံစေတီတော်

Listing Description

မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီတော်၏ အရှေ့ဘက် သိကြားဘုရားခေါ် မြသိန်းတန်စေတီ၏ ရှေ့ရင်ပြင်၌ တည်ရှိပါသည်။ မဟာသက္ကရာဇ် ၁၁၄ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက်နေ့၌ တည်ထားခဲ့သော ရွှေဆေးခံစေတီတော်သည် ယခင်ရွှေစာရံစေတီတော်ကြီး တည်ထားစဉ်က ဌာပနာသော သွားတော်ဓါတ်လေးဆူကို ရေသွန်းလောင်းဆေးကြောရာ၌ အောက်တွင်ခံထားသော ရွှေပြားများကို ဌာပနာထားသည်ဟုဆိုသည်။ သွားတော်ဓါတ်တော်များကို ဆေးကြောရာ၌ အသုံးပြုသည့် ရွှေပြားများကို အကြောင်းပြုကာ ရွှေချေးခံဘုရားဟုလည်း ဘွဲ့တော်ခေါ်တွင်သည်ဟုသိရပါသည်။