မြစ်ကြီးနားမြို့တွင် အများပြည်သူအသုံးပြုနိုင်ရန် ရေကူးကန်ကြီး တည်ဆောက်မည်

Listing Description

ရန်ကုန် နို၀င်ဘာ ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အများပြည်သူ အသုံးပြုနိုင်ရန် ရေကူးကန်ကြီးတစ်ခုကို ငွေကျပ်သိန်း ၁၉၀၀၀ ကျော် အကုန်အကျခံ တည် ဆောက်မည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြည်နယ် ဂုဏ်ဆောင် ထူးချွန်တဲ့ ရေကူး အားကစားသမားတွေ ပေါ်ထွက်လာ စေဖို့နဲ့ ပြည်သူလူထုအပန်းဖြေဖို့၊ အားကစားရပ်ဝန်းအဖြစ် ပြုလုပ် သွားဖို့ ရေကူးကန်ကို တည်ဆောက် မယ်။ ရေကူးအားကစားသမားတွေ မွေးထုတ်ဖို့၊ စဉ်ဆက်မပြတ် ဆောင်ရွက်မယ်။‌ နောက်ပိုင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရေကူးပြိုင်ပွဲကို ကချင်ပြည်နယ်က အိမ်ရှင်လုပ်ဖို့ရှိမယ်။ ပြည်နယ်မှာ က ပြည်သူ‌တွေအပန်း‌ဖြေဖို့‌နေရာ ရှားတယ်။‌ ရေကူးချင်တောင်မှ မိသားစု စိတ်ချလုံခြုံမှုပေးနိုင်တဲ့‌ နေရာ မရှိဘူး။‌ ရေကူးကန်ကြီး ပြီးသွားရင် ပြည်သူတွေကို သင့်တင့်တဲ့‌ ဈေးနှုန်းနဲ့ စီစဉ်ဆောင်ရွက်‌ပေး မှာဖြစ်ပါတယ်”ဟု ပြည်နယ် အားကစားနဲ့ ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက ပြောသည်။

အဆိုပါ ရေကူးကန်ကို မြစ်ကြီး နားမြို့ သီတာရပ်ကွက်အတွင်းရှိ ၂၄ ဒသမ ၆၆၂ ဧက ကျယ်ဝန်းသည့် ငြိမ်းချမ်းသာယာ ကားကြီးကွင်း ဟောင်းတွင် ပြည်ထောင်စုရန်ပုံငွေ ဖြင့်၂၀၂၁ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်‌ကြောင်း သိရ သည်။

ယင်းရေကူးကန်တွင် ပြေးလမ်း ၁၀ လမ်း၊ ပွဲကြည့်စင်၊ ရေကူးကစား သမားများအတွက် အမျိုးသား အမျိုးသမီး အိပ်ဆောင်၊ အဝတ်လဲခန်း၊ ရေကူးဝတ်စုံငှားရမ်းခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။ အာကာစိုး