မွန်းအောင်

Listing Description

၁၉၆၀ ခုနှစ်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်သို့ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သင်္ချာဘာသာဖြင့် တက်ရောက်ခဲ့သည်။

မဇ္ဈိမလှိုင်းအဖွဲ့နှင့် တွဲဖက်၍ သီချင်းများ သီဆိုခဲ့ပြီး ပထမဆုံး အယ်လ်ဘမ်အဖြစ် ၁၉၈၄ ခုနှစ်တွင် “၈/ ၈၈ အင်းလျား” ကိုယ်ပိုင်သံစဉ်တေးသီချင်းအယ်လ်ဘယ် ထွက်ရှိခဲ့သည်။ ဒုတိယတစ်ကိုယ်တော် အယ်လ်ဘမ်ကို “မိုးလုံးမှိုင်း” အမည်ဖြင့် ၁၉၈၆ ခုနှစ်၌ ထွက်ရှိခဲ့ပြီး သီချင်း ၁၄ ပုဒ်ပါဝင်သည်။ ၁၉၈၇ ခုနှစ်တွင် တတိယ တစ်ကိုတော် အယ်လ်ဘမ် “စိဉ္စမာဏဉာဏ်” ထွက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) အဖွဲ့နှင့်အတူ တောခိုခဲ့သည်။ ထို့နောက် နော်ဝေးနိုင်ငံ Eidsvoll သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူ၏ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်သည့် “အရေးကြီးပြီ” သီချင်းကို ထူးအိမ်သင်က ရေးစပ်သီကုံးပေးခဲ့သည်။

၁၉၉၈ ခုနှစ်တွင် “လွတ်မြောက်ရာလမ်း” အယ်လ်ဘမ်ထွက်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပထမဦးဆုံးတစ်ကိုယ်တော်ရှိုးပွဲ “ဝတ်မှုန်ကူးတဲ့ည” ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် “ရေဆန်၌ရွက်လွင့်ခြင်း” တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Novetel ဟိုတယ်၌ ကျင်းပခဲ့သည်။