မြစ်ဆုံ

Listing Description

မေခနှင့် မလိခ မြစ်နှစ်စင်းပေါင်းဆုံသည့် မြစ်ဆုံသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ မြောက်ဘက် ၂၈ မိုင်အကွာ တန်ဖဲရွာအနီးတည်ရှိပါသည်။ မြစ်ဆုံသို့ မြစ်ကြီးနားမြို့မှ ကားဖြင့် ၁ နာရီခွဲခန့် သွားရောက်ရပါသည်။ မြစ်ဆုံတွင် ရေကျချိန်၌ မြစ်အလယ်လောက်ထိ သွားရောက်နိုင်ပြီး ကျောက်ချောလုံးများဖြင့် ပိုမိုလှပကာ ကချင်တိုင်းရင်းသားရိုးရာဝတ်စုံများ ငှားရမ်းဝတ်ဆင်၍ အမှတ်တရဓါတ်ပုံများရိုက်ကူးနိုင်ပါသည်။ ထိုမှတစ်ဆင့် စက်လှေငှားရမ်း၍ မေခမြစ်နှင့် ဧရာဝတီမြစ်ထဲသို့ လှည့်ပတ်ကြည့်ရှု့လေ့လာနိုင်ပါသည်။ မလိခမြစ်မှာ ရေစီးကြမ်းပါသည်။ ထို့ပြင် ကချင်ရိုးရာစားသောက်ဆိုင်များတွင် တစ်မူထူးခြားလှသည့် စားသောက် ဖွယ်ရာများကို ကြိုက်နှစ်သက်သလို မှာယူစားသောက်ရင်း မြစ်ဆုံ၏အလှများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပါသည်။