တရိတခေါင်းရေတံခွန်

Listing Description

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ၁၀ မိုင်ခန့်အကွာ တရိတခေါင်းကျေးရွာတွင် တည်ရှိပြီး ကျောက်ဆောင်၊ ကျောက်ဖျာများ ပေါများသည့် သာယာလှသော ရေတံခွန်တစ်ခုဖြစ်သည်။ နွေရာသီတွင် ရေနည်း၍ မိုးရာသီနှင့် ဆောင်းရာသီတွင် ရေများပြီး အထူးသဖြင့် နှစ်သစ်ကူးနေ့၊ ကရင်လက်ချီပွဲ၊ သင်္ကြန်ရက်များကဲ့သို့သော အားလပ်ရက်များတွင် လာရောက်အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်ရှိသော ရေတံခွန်တစ်ခု ဖြစ်ပါသည်။