ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးလျက်ရှိ

Listing Description

ကော့ကရိတ် နိုဝင်ဘာ ၈

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပလျက်ရှိရာ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်း စွာ ဆန္ဒမဲပေးလျက်ရှိသည်။

မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ သတ်မှတ်စည်းကမ်းများနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကော့ကရိတ်မြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၁၂၃ ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆန္ဒမဲပေး လျက်ရှိကြောင်း သိရသည်။

စိုးထက်အောင်(ပြန်/ဆက်)