နှီးဘုရား

Listing Description

နှီးဘုရား ရုပ်ရှင်တော်မြတ်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနီကျေးရွာ ပုသိမ်-ချောင်းသာနှင့် ငွေဆောင်လမ်းဆုံ ပုသိမ်ကြိုး တံတားထိပ် လောကနန္ဒာစေတီတော် ရင်ပြင်တော် နေလတန်ဆောင်း တော်ကြီးတွင် ကိန်ဝပ်စံပယ် အပူဇော်ခံလျက်ရှိနေပါသည်။ နှီးဘုရား ဗုဒ္ဓရုပ်ရှင်တော်မြတ်ကို မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် တန်ဆောင်မုန်းလကွယ် ၁၅ ရက် ခရစ်သက္ကရာဇ် (၉-၁၂-၂၀၀၇) ခုနှစ် တနင်္ဂနွေနေ့ တွင်အောင်မြင်စွာ ရက်လုပ်ပြီးစီးခဲ့ပါသည်။ ဉာဏ်တော်အမြင့်မှာ ပလ္လင်တော်မှ မုနိတော်အထိ ၁၃ ပေ ၃.၅ လက်မ အမြင့်ရှိပါသည်။