နံ့သာလိုဏ်ဂူ

Listing Description

နံ့သာလိုဏ်ဂူသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဂူရွာတွင် တည်ရှိပါသည်။ ထိုဂူ၏ ထူးခြားချက်မှာ အခြားဂူများနှင့်မတူဘဲ ဂူအဝတွင် နံ့သာအနံ့များ မွှေးကြိုင်လျက်ရှိပါသည်။ လိုဏ်ဂူအတွင်း နှင့် ဂူနံရံများတွင်လည်း ဗုဒ္ဓရုပ်ပွားတော်များစွာကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ဂူ၏တစ်ဖက် ထွက်ပေါက်မှတစ်ဆင့် လှေကား သုံးသွယ်ဖြင့် တောင်ထိပ်သို့တက်ရောက်နိုင်ကာ တောင်ထိပ်ရှိ ကြည်ညိုဖွယ်ရာ စေတီတော်တစ်ဆူကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။