သုံးဆယ့်သုံးဆူဘုရား

Listing Description

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏တောင်ဘက် ၇ မိုင်ခန့်အကွာ၊ သုံးဆယ့်သုံးဆူကျေးရွာတွင် တည်ရှိပါသည်။ ဘုရားသမိုင်းအရ ရှေးယခင်က ဤဒေသကို အုပ်ချုပ်သောမင်းသည် မိစ္ဆာဒိဌိအယူဝါဒကို ကျင့်သုံးသည်ဟု သိရသည်။ ထိုအချိန် ရဟန္တာ ၃၃ ပါးကြွချီလာသည်ကို မင်းကြီးက ယင်းတို့သည် လူသူစုဆောင်းပြီး မိမိထီးနန်းကို လုယုလိမ့်မည်ဟု အထင်မှတ်မှား၍ ရဟန္တာ ၃၃ ပါးအား ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ထိုသတင်းကို မြဝတီမြို့စားကြားသိသောအခါ ရဟန္တာ ၃၃ ပါး၏ အသက်ကို ကယ်တင်ရန် ရဟန္တာ တစ်ပါးချင်းစီ၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေသားဖြင့် အလဲအလှယ် ပြုလုပ်၍ ကယ်တယ်နိုင်ခဲ့သည်ဟု သိရပါသည်။ ထိုအဖြစ်အပျက်ကို ရည်ရွယ်၍ စေတီတော် ၃၃ ဆူ တည်ထားခဲ့သည်ဟု ဆိုပါသည်။ စေတီတော်များသည် ခေတ်ကာလကြာမြင့်လာ၍ ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီးကာ ဘုရားငုတ်တိုအဖြစ်သာ ကျန်ရှိတော့သဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ထားခဲ့ရာ ယခုအခါ စေတီတော် ၃၂ ဆူသာ ဖူးမြင်နိုင်ပါသည်။