တောနော်ရေတံခွန်

Listing Description

တောနော်ရေတံခွန်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဘေးတွင် တည်ရှိသော သဘာဝရေတံခွန် တစ်ခုဖြစ်ပါသည်။ ရေတံခွန်သည် အမြင့် ပေ ၂၀၀ ခန့်မြင့်ပြီး ဆယ့်နှစ်ရာသီရေမခမ်းဘဲ သဘာဝအတိုင်း အမြဲတသွင်သွင်စီးဆင်းနေပါသည်။ ၂၀၁၈ ခုနှစ်တွင် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒေသခံကရင်လူမျိုးများမှ သဘာဝအပန်းဖြေစခန်းအဖြစ် ရှာဖွေဖော်ထုတ် ဖွင့်လှစ်ခဲ့ပါသည်။ ရေတံခွန်အနီးတွင်လည်း အနားယူအပန်းဖြေနိုင်ရန် ဘန်ဂလိုများနှင့် ၂၄ နာရီမပြတ် ဝန်ဆောင်မှုပေးနေသော စားသောက်ဆိုင်များလည်းရှိပါသည်။