နောင်ထပ္ပံလိုဏ်ဂူ

Listing Description

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်ထပ္ပံကျေးရွာအနီးတွင် တည်ရှိပါသည်။ လိုဏ်ဂူအတွင်း၌ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော် နှစ်ဆူတည်ရှိပြီး ရုပ်ပွားတော်များမှာ ယိုးဒယားလူမျိုးများ လာရောက်နေထိုင်စဉ် ထုလုပ်ပူဇော်သွားသော လက်ရာများဖြစ်သည်ဟု သိရပါသည်။ လိုဏ်ဂူနံရံ၏ အချို့နေရာများတွင် ရှေးဟောင်းအုတ်ခွက်ဘုရားများ ထားရှိသော ဆေးမင်ရာများသာ ကျန်ရှိပြီး အုတ်ခွက်ဘုရားများမှာ မသမာသူများ၏ ခိုးယူမှုများကြောင့် ယခုအခါ မတွေ့မြင်နိုင်တော့ပေ။ ထူးခြားချက်တစ်ခုအနေဖြင့် ကျောက်သားလိုဏ်ဂူနံရံ၌ သဘာဝအတိုင်း ပေါ်ထွက်နေသော ဗုဒ္ဓဆင်းတုတော်ပုံစံသည် ယခင်မူလက အရာမျှသာဖြစ်ပြီး ယခုအခါ တဖြည်းဖြည်းဖြင့် ကြီးလာပြီး ပိုမိုထင်ရှားစွာ ဖူးမြင်နိုင်ပါသည်။ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် နှစ်ဆန်းနှစ်ရက်နေ့၌ စည်ကားစွာ ကျင်းပပါသည်။