ရွှေတိဂုံဘုရားရေလှောင်ကန်

Listing Description

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် ဓာတ်လှေကားအနီးတွင် တည်ရှိသည်။ ၁၈၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရေဂါလံ ၁ သန်းသိုလှောင်ထားနိုင်သည်။ ကုက္ကိုင်းရေလှောင်ကန်မှ ရွှေတိဂုံဘုရားရေလှောင်ကန်သို့ ၄၂ လက်မ ပိုင်းလိုင်းဖြင့် ရေပေးပို့ပြီး ထိုမှတစ်ဆင့် ဒဂုံ၊ လသာ၊ လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်းမြို့နယ်များသို့ ရေပေးဝေလျက်ရှိသည်။