ရွှေတောင်ဦးမော်ဘုရား

Listing Description

ရွှေတောင်ဦးမော်စေတီသည် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)အနီး၊ မြစ်ကမ်းဘေးရှိ ရွှေတောင်ဦးမော် တောင်တော်ပေါ်၌ တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု ဆိုကြသည်။ ဧရာဝတီမြစ်၏အလှကို နီးနီးကပ်ကပ် ခံစားရှုမြင်နိုင်သောဘုရားမှာ ရွှေတောင်ဦးမော် စေတီပင်ဖြစ်သည်။  စေတီတောင်ဘက်တွင် ကာမာကူရဂျပန် ဘုရားကြီးနှင့် ရဟန်းများပုံကို မြစ်အတွင်းမှပင် ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။