ရာဇမဏိစူဠာကောင်းမှုတော်

Listing Description

ရာဇမဏိစူဠာကောင်းမှုတော်သည် စစ်ကိုင်း၏ အကျော်ကြားဆုံး စေတီများအနက်တစ်ဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် ၊ ခရစ်နှစ် ၁၆၃၆ ၊ တော်သလင်းလဆန်း ၁၀ ရက် ၊ တနင်္လာ နေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ ၁၀၁ တောင် ၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂ ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်ကို ကျောက်ဆီမီးတိုင် ၁၀၀၀ တိုင်တို့ဖြင့် ဝန်းရံထားလေသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပပါသည်။