တိမ်ပင်လယ်

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာအနီးတည်ရှိပါသည်။ နောင်ချိုတိမ်ပင်လယ်ရှုခင်းအလှရှိရာ နောင်ချိုကြီးရွာသို့ မန္တလေး - လားရှိုးလမ်းမှတစ်ဆင့် နောင်ချို - ရပ်စောက်ကားလမ်းအတိုင်း သွားရောက်နိုင်ပါသည်။ တိမ်ပင်လယ်အလှကို အမြင့်ပေ ၃၀၀၀ ခန့်ရှိသော ဒေသအခေါ် စံဖက်တက်ကုန်းမှ ကြည့်ရှုနိုင်ပြီး ဆောင်းတွင်းကာလတွင် နံနက် ၅ နာရီမှ ၉ နာရီခန့်အထိသာ တိမ်ပင်လယ်အလှကို မြင်တွေ့ရမည်ဖြစ်ပါသည်။ တိမ်ပင်လယ်အလှ ရှုမျှော်ခင်း ကြည့်ရှုခံစားနိုင်သည့် အနားယူအပန်းဖြေစခန်း ငါးခုရှိကာ အပန်းဖြေတဲစခန်းများ ဆောင်ရွက်ပေးထားပါသည်။ ထို့အပြင် Cloudy Villa မှ တိမ်ပင်လယ်ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းအလှဓာတ်ပုံအဖြစ် တောင်ဒရမ်းထိပ်ဝရန်တာ၊ ကြိုးဒန်း၊ ချိတ်ဒန်း၊ အလှရိုက်ကြိမ်ထိုင်ခုံနှင့် ငှက်သိုက်များအပြင် see view အဖြစ် ဝရန်တာတစ်ခုပါ ပြုလုပ်ပေးထားသည်။