နမ့်ငိုရေတံခွန်

Listing Description

နမ့်ငိုရေတံခွန်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ကုန်ကြီးရွာမအုပ်စုတွင် တည်ရှိပါသည်။ ပြင်ဦးလွင်မှ လားရှိုးလမ်းမကြီးအတိုင်း မိုင် ၂၀ ကျော်ခန့် ညာဘက်ရှိ ဆင်းရွှေလီသကြားစက်ရုံအနီး တည်ရှိပါသည်။ အမြင့်ပေ ၄၈၀ ခန့်ရှိသော နမ့်ငိုရေတံခွန်သည် အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်ကဲ့သို တောင်ပေါ်မှကျသော ရေတံခွန်ဖြစ်သဖြင့် ရေတံခွန်သို့သွားရာ လမ်းမှာ တောင်ဆင်းလမ်းဖြစ်ပြီး ဓာတ်တော်ချိုင့်ရေတံခွန်နှင့်မတူသည်မှာ ရေတံခွန်သွားလမ်းတစ်လျှောက်တွင် ရေတံခွန်ငယ်လေးများ စီးဆင်းနေသည်ကို တွေ့မြင်နိုင်ပါသည်။ ရေတံခွန်၏ အနီးတွင်လည်း ပါရမီတံတားဟုခေါ်သော တံတားငယ်လေးပေါ်တွင် အလှဓာတ်ပုံရိုက်ရင်း အပန်းဖြေနိုင်ပါသည်။ နမ့်ငိုရေတံခွန်အနီးတွင်လည်း ရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ထားကာ ယင်းရေတံခွန်ကို အမှီပြု၍ မိုးတွင်းကာလများတွင် ကျေးရွာ ၁၂ ရွာကို ၂၄ နာရီ လျှပ်စစ် မီးပေးနိုင်ကြောင်း သိရပါသည်။