နောင်ချိုမြို့ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတားတည်ဆောက်တော့မည်

Listing Description

နောင်ချို ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ်တွင် မြန်မာ နိုင်ငံ၏ ပထမဆုံး မှန်တံတားကို ဂုတ်ထိပ်တံတား အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး မှန်တံတား နှင့်အတူ အပန်းဖြေစီမံကိန်းစခန်း တစ်ခုကိုပါ တည်ဆောက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတားဖြစ်သော ဂုတ်ထိပ် တံတားစီမံကိန်း၏ တည်ဆောက်မှု အပိုင်းကို တရုတ်နိုင်ငံမှ ပညာရှင် များအား ခေါ်ယူ၍ ချယ်ရီမူဆယ် ကုမ္ပဏီက တာဝန်ယူတည် ဆောက်သွားမည်ဖြစ်သည်။ မှန် တံတားစီမံကိန်း၏ တည်ဆောက် မည့်ကာလမှာလည်း ကိုဗစ်-၁၉ ကာလအလွန်မှသာ လာရောက် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို)