ရွှေမှုန်ရတီ

Listing Description

၁၉၉၈ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဦးစိန်သောင်းနှင့် ဒေါ်မော်မော်ခိုင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ညီမဖြစ်သူ ငွေမှုန်ရတီသည်လည်း သရုပ်ဆောင် တစ်ဦးဖြစ်သည်။

ဒါရိုက်တာဝိုင်း၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ မြင့်မြတ်တို့ ပါဝင်ဖွဲ့စည်းထားသော အနုပညာပျိုးခင်းမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမျိုးသမီးသရုပ်ဆောင်အသစ် သုံးဦးကို ပရိတ်သတ်များနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။ ၎င်းအမျိုးသမီး သရုပ်ဆောင် သုံးဦးမှာ ယုသန္တာတင်၊ အိချောပိုနှင့် ရွှေမှုန်ရတီတို့ဖြစ်သည်။ ထိုအချိန်တွင် ရွှေမှုန်ရတီမှာ အသက် ၁၄ နှစ်သာရှိသေးသည်။

၂၀၁၂ ခုနှစ်တွင် လူမင်းနှင့် တွဲဖက်၍ “သခင်ရဲ့ကျေးကျွန်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သည်။ ထိုနှစ်အတွင်းမှာပင် နေတိုး၊ ညီထွဋ်ခေါင်တို့နှင့်အတူ “အတ္တအဆိပ်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သည်။ ထို့နောက် ရွှေမှုန်ရတီသည် လူသိများ ကျော်ကြားလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ချိုမြိန်သောလက်စားချေခြင်း”၊ “ဝိညာဉ်ကကြိုး၊ ၂၀၁၈ ခုနှစ်တွင် “မှော်ကျောက်စာ”၊ ၂၀၂၀ ခုနှစ်တွင် “မိုက်မဲချစ်” စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အဆိုတော် ရွှေထူးနှင့် လက်ထပ်ခဲ့သည်။ သူမသည် သရုပ်ဆောင်သာမက သူမ၏ခင်ပွန်းရေးစပ်ပေးသော “မိုးစက်များကပြောသော”၊ “အမှား”နှင့် “ချစ်တယ်” ခေါင်းစဉ်အမည်ရ သီချင်းသုံးပုဒ်ကိုလည်း သီဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Clear Myanmar ၏ brand ambassador အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၂၀၁၉ ခုနှစ်တွင် Huawei Myamar ၏ brand ambassadro အဖြစ် ခန့်အပ်ခြင်းခံရသည်။