ဆောင်းလုလင် ၏ အပင်းဝတ္ထု

Listing Description

ဆောင်းလုလင် 
အပင်း

ဆောင်းလုလင်၏ ပင်ကိုယ်ရေး လုံးချင်းဝတ္ထုဖြစ်ပါသည်။
ဆောင်းလုလင်၏ ၁၅အုပ်မြောက် လုံးချင်းဝတ္ထုအဖြစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။
ဇာတ်လမ်းမှာ သစ္စာမရှိအကြိမ်ကြိမ်ဖောက်ပြန်သော လင်သားအား ဆုံးမပဲ့ပြင်၍ မရသည့်အဆုံး ဇနီးဖြစ်သူက သူမ၏ဆံပင်များကို ကိုက်ဖြတ်ကာ ဟင်းလျာထဲတွင် နှစ်ရှည်လများထည့်ကျွေး၍ လက်စားချေပုံမျိုး ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပါသည်။ ဇနီးသည်က သေခါနီးတွင် သူမ၏ဆံပင်များ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံစူးစိုက်နေပြီးဖြစ်ကြောင်း လင်သားကိုပြောခဲ့ရာ... လင်ဖြစ်သူ ရူးသွပ်ကျန်ခဲ့ပုံကို ရေးဖွဲ့ထားသည့် သည်းထိတ်ရင်ဖို ဂမ္ဘီရဆန်းကြယ် ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။
ဤဝတ္ထုကို ရွှေစင်ဦးဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က ထွန်းထွန်း၊ ထွန်းအိန္ဒြာဘို၊ ဦးအောင်လွင်၊ ဟေမာန်အောင်အောင်၊ စံပယ်မိုးတို့ဖြင့်... ဗီဒီယိုဇာတ်ကား ရိုက်ကူးခဲ့ပါသည်။