ရာဇဓိရာဇာ ပေါ်တော်မူရုပ်ပွားတော်

Listing Description

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မုဒုံကျေးရွာတွင်တည်ရှိသည့် ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ဖြစ်ပါသည်။ ဉာဏ်တော်အမြင့် ၉ လက်မရှိပြီး အရွယ်အစားနှင့်မလိုက်အောင် အလေးချိန် ၁၀ ပိဿာခန့် ရှိသည်ဟု သိရပါသည်။ ရုပ်ပွားတော်၏ရှေ့တွင် ကျေးနှစ်ကောင် ကြည်ညိုနေပုံရှိပြီး ရုပ်ပွားတော်မှာ တရုတ်လက်ရာဖြင့် ထုဆစ်ထားသည်ဟု ယူဆရပါသည်။ ထို့ပြင် ရုပ်ပွားတော် ထုဆစ်ထားသည့် သတ္တုမှာလည်း ကျွမ်းကျင်ပုဂ္ဂိုလ်များ စူးစမ်းမှုပြုလုပ်သော်လည်း အဖြေအမျိုးမျိုးထွက်နေသဖြင့် မည်သည့် သတ္တုဖြင့်ထုဆစ်ထားသည်ကို မသိရှိဘဲ ထူးဆန်းလျှက်ရှိပါသည်။