မူလကမ္ဘာအေးစေတီ (ခ) ဓာတ်စွမ်လွဲစေတီ

Listing Description

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ၊ ဝမ်လွဲရွာအနီး တောင်ထိပ်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းရာဇဝင်အရ ကန့်အိုက်ခွန်တို့ ဇနီးမောင်နှံက မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်လေးဆူအား ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပြီး စေတီတော်အား တောင်ထိပ်ပေါ်တွင် တည်ထားသည်ကို အစွဲပြုလျက် ရှမ်းဘာသာဖြင့် ဓာတ်စွမ်လွဲ၊ မြန်မာဘာသာဖြင့် တောင်ထိပ်စေတီဟု ခေါ်တွင်ခဲ့ပါသည်။ နောင်အခါ ဝန်ကြီးချုပ်ဦးနုက စေတီတော်အား လာရောက်ဖူးမြော်ပြီးနောက် စေတီတော် တည်ထားပုံအား သဘောကျနှစ်သက်သဖြင့် ရန်ကုန်မြို့တွင် ဤဓာတ်စွမ်လွဲစေတီနှင့် အလားသဏ္ဌာန်တူသော ကမ္ဘာအေးစေတီ တည်ထားခဲ့သည်ကို အကြောင်းပြု၍ မူလကမ္ဘာအေးစေတီတော်ဟုလည်း အမည်တွင်ခဲ့ပါသည်။ စေတီတော်တည်ရှိရာ ဝမ်လွဲကျေးရွာသည် ဂုံရှမ်းလူမျိုးများ အများဆုံးနေထိုင်ပြီး ဂုံရှမ်းလူမျိုးများ တည်ထားသော စေတီတိုင်း၏ထီးတော်မှာ ကြာဖူးပုံသဏ္ဌာန် တည်ထားကြသဖြင့် ဤဓာတ်စွမ်လွဲစေတီတော်၏ ထီးတော်မှာလည်း ကြာဖူးပုံသဏ္ဌာန် ဖူးမြင်ရပါသည်။