ရှင်ပင်စိမ်းညို့စေတီ

Listing Description

ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စိမ်းညို့စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့မှ ၁၂ မိုင်အးကွာ ငါန်းဇွန်-မြို့သာ-မြင်းခြံ မော်တော်ကားလမ်းဘေး တောင်လယ်တောကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ သောင်ပြင်ကျေးရွာတွင် တည်ရှိပါသည်။ ရှင်ပင်စိမ်းညို့စေတီတော်သည် သီရိဓမ္မာသောကမင်းကြီး၏ တည်ထားကိုးကွယ်သည့် စေတီပေါင်း ရှစ်သောင်းလေးထောင်းတွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု ဆိုပါသည်။ မြန်မာသက္ကရာဇ် ၅၀၂ ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက စေတီတော်အား ဉာဏ်တော်တိုးမြှင့်ပြုပြင်မွမ်းမံပူဇော်ခဲ့ပါသည်။ စေတီတော်ကြီးမှာ အမြင့်ဉာဏ်တော် ၉၉ ပေ၊ ရွှေထီးတော်အမြင့် ၁၆ ပေ ၅ လက်မ၊ ထီးခွေဘုံဆင့် ၉ ဆင့်၊ အဝန်း ၁၈ ပေ ပတ်လည် ရှိသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ စည်ကားစွာ ကျင်းပပါသည်။