အဝတ်လဲတောင်စေတီ

Listing Description

အဝတ်လဲတောင်စေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြို့သစ် (၁) ရပ်၌ တည်ရှိသည့် သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပါသည်။ ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်သည် ဝန်းသိုဟော်နန်းမှ မန္တလေးနေပြည်တော်ရှိ သီပေါမင်းထံသို့ အခွန်တော်များ ဆက်သရန်သွားရောက်ရာတွင် မိမိ၏ အဆောင်အယောင်အဝတ်အစားများကို လဲလှယ်၍ စစ်သူကြီးဝတ်စုံဝတ်ဆင်သည့် တောင်ကုန်းတွင် တည်ထားသော စေတီတော်ဖြစ်ပါသည်။ ယခင်က ထိုဝတ်လဲတောင်ကုန်းတွင် ရန်အောင်မြင်ဆုတောင်းပြည့် စေတီနှစ်ဆူရှိပြီး စော်ဘွားကြီးဦးအောင်မြတ် သက်ရှိထင်ရှားရှိစဉ်က အဝတ်လဲတောင် (အဝတ်လဲတော်)ဘုရား စသည်ဖြင့် ခေါ်တွင်ကြပါသည်။ ယနေ့အချိန်တွင် ထိုစေတီနှစ်ဆူ ပျက်စီးယိုယွင်းခဲ့သဖြင့် မြသိန်းတန်စေတီအဖြစ် ထိုအဝတ်လဲတောင်ကုန်းတွင် တည်ထားကိုးကွယ်ထားပါသည်။