ဓမ္မရာဇကစေတီတော်

Listing Description

ဓမ္မရာဇကစေတီတော်သည် ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ စေတီတော်ကြီးကို ခရစ်သက္ကရာဇ် ၁၁၉၈ ခုနှစ်တွင် နရပတိစည်သူမင်းက သီဟိုဠ်ဘုရင်ထံမှရရှိသော ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်များကို ဌာပန၍ တည်ထားကိုးကွယ်ခဲ့ပါသည်။  စေတီတော်တွင် မုခ်ဦးငါးခု ပါရှိပြီး ပန္ဒက်အောက်ခြေသည် ငါးမြှောင့်ပုံ (ပဥ္စဂံပုံ) ဖြစ်ပြီး ယင်းအထက်တွင် ပစ္စယာသုံးဆင့် တည်ဆောက်ထားပါသည်။ ပစ္စယာအဆင့်ဆင့်၌ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာပုံများကို စာနှင့်တကွ ရေးထွင်းပုံဖော်ထားသည့် စဉ့်အုပ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ စေတီတော်၏ အရပ်ငါးမျက်နှာတွင် ဘုရားကျောင်းဆောင် ငါးခုရှိပြီး ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမနှင့် ပွင့်အံ့သော အရိမေတ္တယျဘုရား ကြေးဆင်းတုတော် ငါးဆူကိန်းဝပ်စံပယ်လျက်ရှိပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-06-19 14:50:33

အစောဆုံး

ကမ္ဘာပေါ်မှာ အစောဆုံးတည်ဆောက်ခဲ့တဲ့ ငါးမြှောက်ပုံ အဆောက်အဦး ဖြစ်တယ်လို့သိရပါတယ်