မြသိန်းတန်ကျောင်းတိုက်

Listing Description

မြသိန်းတန်ကျောင်းတိုက်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် တည်ရှိပါသည်။ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းကျောင်းတိုက်ကြီး ဖြစ်ပြီး ကျောင်းတိုက်အတွင်းရှိ အာရုဏ်ခံကျောင်းတိုက်ကြီးတွင် တစ်ချို့တစ်ဝက် ပျက်လုနီးပါးဖြစ်နေသော ရှေးဟောင်းနံရံဆေးရေးပန်းချီများနှင့် ရွှေအစစ်များဖြင့် ရွှေပိန်းချအနုပညာလက်ရာများကို လေ့လာတွေ့ရှိနိုင်ပါသည်။ မြသိန်းတန်ကျောင်းတိုက်ကြီးကို ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ် မင်းတုန်းမင်းကြီးလက်ထက်၌ တည်ထားခဲ့ပြီး ကိုလိုနီခေတ်တွင် တစ်ကြိမ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွင် တစ်ကြိမ် ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြောင်း ကဗ္ဗည်းမော်ကွန်း ကျောက်စာများအရ သိရသည်။