သာယာရွှေဂူစေတီ

Listing Description

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးကန်ပတ်လမ်းအနီးတွင် တည်ရှိသည်။ သက္ကရာဇ် ၁၁၆၃ ခုနှစ်တွင် ဘိုးတော်ဘုရား (ဗဒုံမင်း)က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သောစေတီကို ဉာဏ်တော်အမြင့် ၄၅ တောင်အထိမြှင့်ပြီး ထပ်မံတည်ထားခဲ့သည်ဟု အဆိုရှိသည်။ အရပူရခေတ် ရွှေနန်းတော်၏ အနောက်မြောက်အရပ် သာယာသော ရေဆိပ်ဖြစ်သဖြင့် ရေနန်းတော် တည်ဆောက်စံနေတော်မူခဲ့သည့် နေရာလည်းဖြစ်သည်ဟု သိရသည်။ ဘုရားအနီးတွင် သာယာဝတီမင်းလက်ထက် အနောက်နန်းမိဖုရားမမြလေး တည်ထားခဲ့သော ရေလယ်ကုသိန္နာရုံဘုရား တည်ရှိသည်။