ရွှေမုဋ္ဌောစေတီ

Listing Description

ရွှေမုဋ္ဌောစေတီသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ် ၅၁ လမ်း မနော်ဟရီလမ်း နှင့် ရွာလယ်လမ်းကြားတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု ဆိုပါသည်။ ပုဂံခေတ်တွင် အနော်ရထာမင်းက ပြန်လည်ပြုပြင်ခဲ့သည်။ ထိုနောက် အလောင်းစည်သူမင်း၏ သားတော် မင်းရှင်စောက တစ်ဖန်ပြုပြင်ခဲ့ပြီး ဝတ္ထုကံမြေများ လှူဒါန်းခဲ့သည်။ ထိုနောက် အင်းဝခေတ် သီဟသူမင်း၊ အမရပူရခေတ် ဘိုးတော်ဗဒုံမင်း၊ ရတနာပုံခေတ် မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား နှင့် ထွန်တုံးရွာသူ ရွာသားများ၊ အနီးအဝေး ကုသိုလ်ရှင်များက ဆက်လက်ပြုပြင် ထိန်းသိမ်းခဲ့ကြပါသည်။